မြို့နယ် ကိုဗစ်-၁၉ ကူညီကာကွယ်စောင့်ရှောက်ရေးကော်မတီမှ အသွားအလာ ကန့်သတ် ထားရှိသူများအား တစ်နေ့စာအဟာရများလှူဒါန်း

ငပုတော   အောက်တိုဘာ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် အခြေခံပညာဦးစီးဌာမှ ဖွဲ့စည်းထားသည့် မြို့နယ်ကိုဗစ်-၁၉ ကူညီကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ အ.မ.က(၃)(မြို့မ)၊ အ.ထ.က (ငပုတော)၊ အ.မ.က (စဉ့်အိုးဖိုအောက်)၊အ.လ.က(ရွှေမြကွင်း)အသွားအလာ ကန့်သတ် စောင့်ရှောက်ရေးစခန်းများတွင် အသွားအလာ ကန့်သတ်ထားရှိသူ(၈၃)ဦးနှင့်၊ စေတနာ့ဝန်ထမ်း(၃၇)ဦး၊ စုစုပေါင်း(၁၂၀)ဦးတို့အား နံနက်စာ ထမင်းကြော်၊ နေ့လည်စာနှင့် ညနေစာအတွက် ထမင်းနှင့်ကြက်သားဟင်း၊ ပဲသီးကြော် များအား ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ပါသည်။

အလားတူ စက်တင်ဘာလ ၂၇ ရက် နေ့ကလည်း အသွားအလာကန့်သတ်ထားရှိသူ (၈၁)ဦးတို့အား တစ်နေ့စာ အဟာရများ လှူဒါန်း ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ အသွားအလာကန့်သတ်ခံရသူများအား တစ်ဦးလျှင် နှာခေါင်း စည်း(၁၀)ခုနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင်တစ်လုံးစီနှင့် ရေသန့်တစ်ကတ်စီအားလည်း‌ကောင်း၊ စေတနာ့ဝန်ထမ်းများအတွက် နှာခေါင်းစည်းနှင့် ရေသန့်ကတ်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂတို့ စုပေါင်း၍ သွားရောက်ပေးအပ် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)