ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက် ဝါဂွမ်းစက်ရုံတွင် မီးလောင်မှုဖြစ်ပွား

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၈

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက် အကွက်(၅၄၉)ရှိ ဝါဂွမ်းစက်ရုံတွင် ယနေ့နံနက် ၈ နာရီ ၈ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၈ နာရီ ၂၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ကနဦး သတင်းအရ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)