တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့သော နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပြိုင်ပွဲဝင်အားကစားသမားများအား ကြိုဆိုဂုဏ်ပြု

ဗန်းမော် ဧပြီ  ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊  နည်းပညာတက္ကသိုလ်များနှင့်ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲတွင်တံခွန်စိုက်ဆုရရှိခဲ့သော နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပြိုင်ပွဲဝင် အားကစားသမားများအား ကြိုဆိုဂုဏ်ပြုအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်လေဆိပ်ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိလာသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင်နှင့် ဆရာဆရာမများလှိုက်လှဲဂုဏ်ယူစွာကြိုဆိုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုစကားပြောကြားကာ နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ်က ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်ဦးတို့က ပြိုင်ပွဲဝင်အားကစားသမားများအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အကောင်းဆုံးရှေ့တန်းဆုရရှိသူ မောင်ဇွဲထက်အောင်က ပြိုင်ပွဲဝင်အတွေ့အကြုံနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်