ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးဌာနပိုင် ရိပ်သာဆောက်လုပ်မည့်နေရာနှင့် အဆင့်မြင့်‌ဈေး တည်ဆောက်မည့် နေရာများ ကွင်းဆင်းကြည့်ရှု

ရိခေါ်ဒါရ်  အောက်တိုဘာ

ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့်အတူ ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်တို့သည် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့များ၊ မြို့စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ရိခေါ်ဒါရ်မြို့စည်ပင် သာယာရေးအဖွဲ့ရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားရာတွင် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်တို့၏ လုပ်ငန်းများ ဆောင်ရွက်ရာမှာ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့် ကော်မတီဝင်များအား အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ မြို့တိုင်းတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ ကိစ္စတစ်ခုမှာ သောက်သုံးရေ ရှားပါးမှုနှင့် အမှိုက် စွန့်ပစ်သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ရိခေါ်ဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မြို့တစ်ခုဖြစ်သည် နှင့်အညီ မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးနိုင်းခေါဂေ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်နှင့် အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာတို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ရိခေါ်ဒါရ်မြို့၊ အမှတ်()ရပ်ကွက် ရဲစခန်းလမ်း၌  မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ရိပ်သာအဆောက်အဦး ဆောက်လုပ်မည့် နေရာနှင့် အမှတ်() ရပ်ကွက်နှင့် အမှတ်()ရပ်ကွက်ကြား၌ အဆင့်မြင့်ဈေး တည်ဆောက်ရန် လျာထားသည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်မြင့်ဈေးတည်ဆောက်ခြင်း လုပ်ငန်းအား အဆင်ပြေမြန်ဆန်စွာ ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာ အဆင့်ဆင့်အလိုက် တင်ပြဆောင်ရွက် သွားရန် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)