တီးတိန် အောက်တိုဘာ ၂
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ (၁)ရက်နေ့ကစတင်၍ ဒုတိယအကြိမ် ကြေညာကပ်ထားကြောင်း သိရသည်။
တီးတိန်မြို့နယ်၌ မဲဆန္ဒနယ်(၂)ခုတွင် မဲရုံများဖွင့်လှစ်ပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ(၆၅)ခု၊ မဲဆန္ဒနယ် အမှတ်(၂)တွင် မဲရုံ (၇၅)ခု၊ မဲရုံစုစုပေါင်း(၁၄ဝ)ခု ဖွင့်လှစ်မည်ဖြစ်ပြီး မဲဆန္ဒရှင်အမျိုးသား ၂၈၁၀၄ ဦး၊ အမျိုးသမီး၂၉၅၇၄ဦး၊ မဲဆန္ဒရှင် စုစုပေါင်း ၅၇၆၇၈ ဦး စာရင်းမှန်ပြုစုပြီး ယခုလ(၁၄)ရက်နေ့အထိ ကြေညာ ကပ်ထားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)