မြို့လှတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

မြို့လှ  အောက်တိုဘာ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မြို့လှမြို့တွင် ၂၀၂၀ ပြည့််နှစ် နိုဝင်ဘာလ()ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်မြို့ပေါ်ရပ်ကွက်() ရပ်ကွက်ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့မှစတင်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထား ကြေငြာထားကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့််ရှိသူ မဲဆန္ဒရှင်စာရင်းများ  ဒုတိယအကြိမ် ကပ်ထားကြေငြာ ထားခြင်းကို  အောက်တိုဘာလ ()ရက်နေ့မှ (၁၄)ရက်နေ့အထိကြေငြာသွားမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည်စာရင်း မပါရှိလျှင် ပုံစံ()ဖြင့် လာရောက်​​လျှောက်ထားနိုင်ခြင်း၊ မဲစာရင်းတွင် မပါသင့်သူများ ပါဝင်ပါက ပုံစံ() ဖြင့်် လာရောက်ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ() ဖြင့်် ပြင်ဆင်ရန် လာရောက် လျှောက်ထားခြင်းတို့ကို ကြေငြာသည့် ရက်များတွင် ပြန်လည်လာရောက် လျှောက်ထားနိုင်ကြောင်းနှင့်် ပြန်လည် လျှောက်ထားခြင်းများအပေါ် တာဝန်ရှိ သူများမှ ပြန်လည်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့််ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန် နိုးဆော်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ခင်ပပသိန်း(ပြန်/ဆက်)