ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ကို ဗဟိုမဏ္ဍပ်၌ပျော်ရွင်စွာဆင်နွဲပြီး ဗဟိုမဏ္ဍပ်အား စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်း

ဗန်းမော် ဧပြီ  ၁၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အတက်နေ့)ကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီးဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့်  မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကိုပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲပြီး ဗဟိုမဏ္ဍပ်ကို ညနေ (၅)နာရီတွင် စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်းသိရသည်။

ထိုသို့ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ အေးချမ်းစွာ ဆင်နွှဲပြီး ပိတ်သိမ်းရာတွင် မဟာသင်္ကြန် ပွဲတော်ကျင်းပရေးနာယက၊ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ယိမ်းအဖွဲ့များက ယိမ်းအကအလှများ၊ တေးသီချင်းများ အပြင် DJ အတီးအကအလှများဖြင့် ကပြဖျော်ဖြေခြင်းနှင့် မဟာသင်္ကြန်အတာရေကစားခြင်း၊ စတုဒီတာများ ဧည့်ခံကျွေးမွေးခြင်းတို့အပြင်  ဒေသခံပြည်သူများက ပျော်ရွှင်အေးချမ်းစွာဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို ညနေ (၄) နာရီတွင် မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် ကပြဖျော်ဖြေပိတ်သိမ်းခြင်း၊   ဗန်းမော်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်က မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုသည့် မိန့်ခွန်းပြော ကြာခြင်းနှင့် ယိမ်းအဖွဲ့များနှင့် အလှူရှင်များအား တာဝန်ရှိသူများ ဂုဏ်ပြုမှတ်တမ်းနှင့်ဆုငွေများကို ပေးအပ်ခဲ့ကြကာ ညနေ(၅)နာရီတွင် သီဆိုဖျော်ဖြေမှုများ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)