မိုးကောင်းမြို့၌ သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲကျင်းပ

မိုးကောင်း ဧပြီ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ မိုးကောင်မြို့ မိုးကောင်းမြို့တော်ခန်းမတွင် အနန္တကျေးဇူးရှင် အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဧပြီလ (၁၈) ရက် နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့ပေါ်ရှိအသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား (၁၁၅) ဦးအား တစ်ဦးလျှင် (၅၀၀၀၀/-) ငါးသောင်းကျပ်စီ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊  အလှူရှင်များ၊ မြို့နယ်ရှိ လူမှုရေးအသင်းဝင်များ တက်ရောက်ပူဇော်ကြောင်း သိရသည်။

အလားတူ နောင်ကိုင်တော်ရပ်ကွက်၏ (၁၆) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ရွာနာမ်စေတီဓမ္မာရုံ၌ ဧပြီလ (၁၈) ရက် နံနက် (၁၀) နာရီတွင်ကျင်းပရာ အဆိုပါရပ်ကွက်တွင်းရှိ အသက် (၇၅) နှစ်နှင့် အထက်သက်ကြီး ဘိုးဘွား (၁၅၀) ဦးအား တစ်ဦးလျှင်ငွေသား ကျပ်နှစ်သောင်းနှင့် လှူဖွယ်ပစ္စည်း တန်ဖိုးကျပ် (၁၈၀၀၀/-) စုစုပေါင်းကျပ် (၃၈၀၀၀) စီကို အလှူရှင်များနှင့်  ရပ်ကွက်သူရပ်ကွက်သားတို့က ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး