ဗန်းမော် ဧပြီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမိန့်အမှတ် (၂၈/၂၀၂၃) လွတ်ငြိမ်းခွင့်အမိန့်အရ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်အကျဥ်း ထောင်၌ ပြစ်ဒဏ်ကျ အကျဥ်းသား၊အကျဥ်းသူမျာအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲ အခမ်းအနားကိုဗန်းမော်အကျဥ်းထောင်အတွင်းရှိ ရိပ်သာ၌ ဧပြီလ ၁၇ ရက် နံနက် (၉)နာရီခန့်က ကျင်းပခဲ့သည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဇေယျာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးတို့က သြဝါဒ စကားပြောကြားကာ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် ဗန်းမော်အကျဥ်းထောင်၌ ပြစ်ဒဏ်ကျ အကျဥ်းသားအကျဥ်းသူ (၂၇)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)