ရွှေကူမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ကောင်းမှု အလှူဒါနပြုလုပ်

ရွှေကူ ဧပြီ ၁၈

မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်၍ သက္ကရာဇ်တစ်ခု၏ အစအဦးရက်တွင် ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာ မြတ်နိုးဖွယ်ရာထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သည်နှင့် အညီ သံဃာ‌တော် များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် လှူဒါန်းခြင်း၊ တရားတော်များနာယူပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းများကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ကောင်းမှု အလှူဒါနများပြုလုပ်ကြရာ နံနက် ၇ နာရီ၌ သံဃာတော်အရှင်မြတ်တို့က ရွှေကူမြို့နယ်အတွင်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေခြင်းငှာ  ပရိတ်ပဌာန်းများ လှည့်လည်ရွတ်ဖတ်ပူ‌ဇော်ခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သံ‌ဃာတော်အရှင်မြတ်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုများ ဖြင့် လှူဒါန်းပူဇော်ခြင်း၊ အရှင်သူမြတ်တို့ ဟောကြားတော်မူသော တရားတော်များကို နာယူပူဇော်ခဲ့ကြသည်။

ထို့အပြင် မွန်းလွဲ ၂ နာရီခန့်တွင် ရွေကူမြို့နယ်တွင်းရှိ သက်ကြီးဘိုးဘွား (၃၂) ဦးအား ပင့်ဖိတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း နှင့် ဌာနဆိုင်ရာများမှ သက်ကြီးဘိုး/ဘွားများအား (၁)ဦးလျှင် ကျပ် (၁၀,၀၀ဝိ/-)စီဖြင့်လည်း‌ကောင်း၊ တဘက် (၁)ထည်၊ ဆပ်ပြာမွှေး၊ သွားတိုက်ဆေး၊ သွားတိုက်တံများဖြင့် လည်းကောင်း စုစုပေါင်းတန်ဖိုးငွေကျပ် (၆၇၂,၀၀ဝိ/-)အား ပူဇော်ကန်တော့ လှူဒါန်းခဲ့ ကြခြင်းများဖြင့် မြန်မာနှစ်သစ်အား ကုသိုလ်ကောင်းမှု အလှူဒါနများဖြင့် စတင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)