ကာမိုင်း ဧပြီ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီက လူထု အခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို အ.ထ.က ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲမှ ဆုရရှိသူများကို မြို့ဦးစီးမှူး တာဝန်ခံ ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲ ဆက်လက်ပြသရာတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့်စာအုပ်များကို ခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်ဝင်တစားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)