တနိုင်း ဧပြီ ၁၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ဧပြီလ ၁၈ ရက်နေ့ နံနက် (၁၀) နာရီက စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုပ်သံကျွမ်းကျင်-၃ (ပြ) ဒေါ်ဂျာအောင်လုက ဦးဆောင်၍ စာရေးသူ ပီ-မိုးနင်း ရေးသားသည့် လူနှင့်အလုပ် စာအုပ်ပါ အကျင့်ကောင်း အကျင့်ဆိုး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တနိုင်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် အနေဖြင့် မိမိတို့ဖတ်ရှုလိုသည့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုလည်း တာဝန်ရှိသူများက စနစ်တကျငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပန်းအိ(တနိုင်း)