ခေါင်လန်ဖူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ထပ်မံကြေငြာထားရှိ

ခေါင်လန်ဖူး  အောက်တိုဘာ  ၃

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ခေါင်လန်ဖူးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် ကြေငြာထားကြောင်း သိရသည်။

မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ၂၅--၂၀၂၀ ရက်နေ့မှ ၁၄--၂၀၂၀ ရက် နေ့ထိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ကြေငြာထားရှိပြီးဖြစ်ရာ ယခုအကြိမ်တွင် ထပ်မံ၍ ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့ထိ ဒုတိယအကြိမ် ထပ်မံကြေငြာထားသည်။

ခေါင်လန်ဖူးမြို့နယ်အတွင်း လူဦးရေ(၁၄၈၉၁)ဦးရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေမှာ (၈၅၆၀)ဦး ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ()ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ() ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(-)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း တို့ကို မဲစာရင်း ကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း ဆောင်ရွက်ရန်ဖြစ်ပြီး လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့(အခမဲ့)ရယူနိုင်ကြောင်းသိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)