မိုးညှင်းမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မိုးညှင်း ဧပြီ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ နှစ်စဉ်​မြန်မာနှစ်ဆန်း တစ်ရက်နေ့မှစတင်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ရွတ်ဖတ်ပူဇော်ကြရာတွင် မိုးညှင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆရာတော်သံဃာတော်များပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလှူရှင်များက အအေးအချိုရည်များနှင့် စတုဒိတာများကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းသည့်အတွက် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှစတင်ကာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်း၊ ကမ္မဝါစာရွတ်ဖတ်ခြင်းအပြင် သက်ကြီးရွယ်အို ဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ခေါင်းလျှော်ပေးခြင်းနှင့် ခြေသည်းလက်သည်းများ ညှပ်ပေးခြင်းတို့ကို နှစ်စဥ်နှစ်တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း