ချီဖွေ ဧပြီ ၂၁
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီ ကျောင်းပိတ်ကာလတွင် မူကြိုကလေးငယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးစေရန် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ကလေးသူငယ်များ ပြင်ပဗဟုသုတများပိုမို ရရှိစေရန်၊ ပြည်သူစာကြည့်တိုက်ရှိ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာ မှတ်သားသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးဂွါဇာလေးက ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် မူကြိုကျောင်းမှ ကလေးငယ် (၂၀) ဦးတို့က ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့က ဆေးရောင်ခြယ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကလေးငယ်လေးများအား ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးတို့က ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယော်ကိ(ပြန်/ဆက်)