ဝိုင်းမော် ဧပြီ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ကာကွယ်ရေးပင်စင် (၅၂၇) ဦး၊ နိုင်ငံရေးပင်စင် (၉၁)ဦး၊ မြို့ပြပင်စင် (၄၀၆) ဦးရှိပြီး စုစုပေါင်းအငြိမ်းစားဝန်ထမ်း (၁၀၂၄) ဦး ရှိပြီး၊ လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်၍ထုတ်ပေးလျက်ရှိသည်။
ဝိုင်းမော်မြို့နယ်တွင် လစဉ်ပင်စင်လစာငွေများ ပုံမှန်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း စုစုပေါင်း (၅၀၀)ဦးကျော်ခန့် ရှိကြောင်းနှင့် ယခုလတွင် ယခင်လထက်ပင်စင်ထုတ်ယူသူ ပိုမိုများပြား လျက်ရှိကြောင်း မြန်မာ့စီးပွားဘဏ်ရုံးမှ သိရှိရသည်။
ဖြူစင်