တနိုင်းမြို့၌ မဟာသရဏဂုံရွှေစည်းခုံ ရှင်လုံစေတီတော်မြတ်ရွှေထီးတော် အထွဋ်တင်လှူ ပူဇော်နိုင်ရန်အတွက် ကြိုတင်ညှိနိူင်း အစည်းအ‌ဝေးကျင်းပ

တနိုင်း ဧပြီ ၂

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်၌ မဟာသရဏဂုံရွှေစည်းခုံ စေတီတော်မြတ် ရွှေထီးတော် အထွဋ်တင်လှူပူဇော်နိုင်ရန်ရေး ကြိုတင်ညှိနိူင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့မကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး‌ ထေရဝါဒသာသနာပြု (ဗဟို) မြို့မကျောင်းဆရာတော် စန္ဒနာလင်္ကာရ၊ တပ်ဦးကျောင်းဆရာတော်၊ သာယာရွှေပြည် ဆရာတော်၊ ဇေယျာသီရိဆရာတော်တို့က ဩဝါဒပေးပြီး ထီးတော်တင်ပွဲအတွက် ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဗီနိုင်း ထီးတော်လှည့်အပူဇော်ခံခြင်း၊ မဏ္ဍပ် ဆောက်လုပ်ရေးအဖွဲ့၊ ပစ္စည်းများငှားရမ်းခြင်းအဖွဲ့၊ ပန်းရထားနှင့် ငြမ်းဆင်အဖွဲ့၊ ပင့်ဆောင်ရေးအဖွဲ့ စသည့်ကော်မတီအသီးသီးဖွဲ့စည်းကြသည်။

ဆွမ်းအလှုရှင် ဦးအောင်စိုးနှင့် ဒေါ်ခိုင်မိသားစုမှ သိန်း (၂၅၀) ကျပ် မတည်ငွေလှုဒါန်းပြီး တနိုင်းမြို့ ရှင်လုံးဂါးကျေးရွာ၊ ရှင်လုံကျောင်းတိုက်၌ တည်ထားကိုးကွယ် ပူဇော်အပ်သော မဟာသရဏဂုံ ရှင်လုံစေတီတော်မြတ်ကြီးအား ၁၃၈၅၊ ကဆုန်လပြည့် မေလ ၃ ရက်နေ့အမှီ စေတနာရှင် ပါရမီရှင် ဘုရားဒါယိကာ ဘုရားဒါယိကာမများ ဖြစ်ကြကုန်သော ခုနှစ်ရက် သားသမီးတို့က ရွှေထီးတော်အထွဋ်တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ထွန်း(တနိုင်း)