ဓနုဖြူမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)အသိပညာပေးလုပ်ငန်းဆောင်ရွက်

ဓနုဖြူ  မတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်မီးသပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  မြို့မဈေး၊ ကားဂိတ်များ၊ ကတို့ဆိပ်များ အစရှိသည့်လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မှန်ကန်သော လက်ဆေးနည်းစနစ်များကိုသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ပြည်သူများကို ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ပြောကြားသည်။

ထက်ဝေဖြိုး