မချမ်းဘော့မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မချမ်းဘော ဧပြီ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောရပ်ကွက် ကျေးရွာများသို့မြို့နယ် နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၅) ဖွဲ့ခွဲကာ ယနေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက မြို့ပေါ်(၄)ရပ်ကွက်နှင့် နမ်ခမ်ကျေးရွာအုပ်စု၊ ကောင်းမှုလုံကျေးရွာအုပ်စု၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ မန်နိုကျေးရွာအုပ်စု၊ အလန်ဂါးကျေးရွာအုပ်စု၊ ထန်ဂါးကျေးရွာအုပ်စု၊ အင်္ဂါဒိန်ချက်ကျေးရွာအုပ်စုများရှိ ဝက်မွေးမြူရေး၊ ငါးမွေးမြူရေး၊ ကြက်/ဘဲမွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မချမ်းဘော့မြို့နယ်သည် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မူလမတည်ငွေကျပ်သိန်းပေါင်း(၁၇၀၀)၊ ထပ်ဆောင်းမတည်ငွေကျပ်သိန်းပေါင်း (၈၄၀)စုစုပေါင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်းပေါင်း(၂၅၄၀)ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်ဖြစ်ကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော့)