မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အ‌‌ထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ကျေးရွာများ ရွေးချယ်

မိုးညှင်း ဧပြီ ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ အတွက် ကျေးရွာများ ရွေးချယ်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက စီမံကိန်းကျေးရွာရွေးချယ်ပေးရာတွင် အမှန်တကယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည့် ကျေးရွာများကို ဦးစားပေးအလိုက် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ လျာထားရွေးချယ်ပေးစေလိုပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများက ခေတ်မီစံပြကျေးရွာ (Smart village) ထူထောင်ရေး စီမံကိန်းကျေးရွာ (၃)ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF စီမံကိန်း) ကျေးရွာ(၃)ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၄)ရွာနှင့် VDP စီမံကိန်းကျေးရွာ (၇)ရွာများကို စီမံကိန်းကျေးရွာများရွေးချယ်ခြင်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် ကျေးရွာများအား ဦးစားပေးအလိုက် လျာထား ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း