မိုးညှင်း ဧပြီ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း ဧပြီလ ၂၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လုံကျေးရွအုပ်စုတွင် လူနေအိမ် (၄၄)လုံး တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လုံကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ် (၄၄)လုံးမှာ ထရံအကာများပြုတ်ထွက်ခြင်း၊ သက်ငယ်နှင့် သွပ်မိုးများ အမိုးလန်ပျက်စီးခြင်း စသည့် ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)