မချမ်းဘော ဧပြီ ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၁နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနန္ဒာအောင်က အစည်းအဝေးပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ အသင်း၏ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် အသင်းသားများအား ဝတ်စုံထောက်ပံ့ရေးဆိုင်များအား ရှင်းလင်းပြောကြားပြီး အသင်းဝင်များမှသိရှိလိုသည်များကို မေးမြန်းဆောင်ရွက်ခဲ့ကြပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိ စိုက်ပျိုးမွေးမြူရေးခြံများသို့ လေ့လာရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)