မိုးညှင်း ဧပြီ ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ဧပြီလ (၂၃)ရက် ညနေ (၆)နာရီ ၁၅မိနစ်ခန့်က လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လုံကျေးရွာအုပ်စုတွင် လူနေအိမ် (၄၄)လုံး တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ အုပ်စုအတွင်းရှိ လူနေအိမ် (၄၄)လုံးမှာ ထရံကာများပြုထွက်ခြင်း၊ သက်ငယ်နှင့် သွပ်မိုးများ အမိုးလန်ထွက်ခြင်းစသည့် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုများ တစ်စုံတစ်ရာမရှိကြောင်း သိရသည်။
ရွှေမိုးညှင်း