မိုးညှင်းမြို့နယ်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော လူနေအိမ်များအား အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့

မိုးညှင်း ဧပြီ ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စုအတွင်း လေးပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသာ လူနေအိမ်များအား အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများကို ယမန်နေ့မွန်းတည့် (၁၂)နာရီက တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဧပြီလ (၂၃)ရက် ညနေ (၆)နာရီက လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ပင်လုံကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ် (၄၄)အိမ်တွင် သက်ငယ်နှင့် သွပ်မိုးများ လန်ထွက်ခြင်များ ဖြစ်ပွားခဲ့မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ခေါန်တို့က သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားကြပြီး အိမ်ထောင်စု (၄၄)စု၊ လူဦးရေ (၂၀၁)ဦးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၁၃)သိန်းနှင့် ဆန်ရိက္ခာ ခုနှစ်ရက်စာတန်ဖိုးငွေကျပ် (၁၇၂၂၁၀၀)အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက လေပြင်းများတိုက်ခတ်ပြီး ပျက်စီးသွားခဲ့သည့် လူနေအိမ်များအား သွာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း