တနိုင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

တနိုင်း ဧပြီ ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၁) အ‌ခြေခံအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနိုင်းခရိုင်ပညာရေးမူး ဦးအောင်ဆွေကအဖွင့်အမှာစကားပြောကြားပြီး အမှတ် (၁) အ‌ခြေခံအထက်တန်းကျောင်း၌ ပညာသင်ကြားပေးနေသောအလယ်တန်းပြ ဆရာမ ဒေါ်လှယဉ်၀င်းက နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာသင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ယနေ့ခေတ်သည် နည်းပညာတိုးတက်မူ အလွန်မြန်ဆန်သည့် ပညာခေတ်ကြီး ဖြစ်သည့်အတွက် ခေတ်နှင့်အညီ သင်ယူလေ့လာနိုင်မှ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်ခေါင်းဆောင်းများဖြစ်ကြသည့် ကျောင်းသားလူငယ်များသည် ခေတ်မီပညာ သင်ယူလေ့လာနိုင်ဖို့ နိုင်ငံတကာသုံးဖြစ်သည့် အင်္ဂလိပ်စာကို မဖြစ်မနေ သင်ယူ တတ်မြောက်ဖို့ လိုအပ်ပါ‌ကြောင်း ဌာနဆိုင်ရာများပူးပေါင်းပြီး အင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို တနိုင်းခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူး တေဇာအောင်၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ဌာနဆိုင်ရာမှအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ (၆၀) ဦးတက်ရောက်ခဲ့ကြပြီး နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ပြီး သင်တန်းကာလ ဧပြီ (၂၄) ရက်မှ မေ (၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။   

ပိုင်ထွန်း(တနိုင်း)