မိုးညှင်းမြို့နယ်တွင် လေးပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူနေအိမ် (၂၁)အိမ်နှင့် လူမှုကူညီရေးရုံးတစ်ရုံး ထိခိုက်ပျက်စီး

မိုးညှင်း ဧပြီ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယမန်နေ့ ညနေ (၄)နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မမုန်ကိုင်ကျေးရွာအုပ်စုအတွင်း လူနေအိမ် (၂၁)အိမ်နှင့် လူမှုကူညီရေးရုံး တစ်ရုံးတို့ တစ်စိတ်တစ်ပိုင်း ထိခိုက် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ် မမုန်ကိုင် ကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ် (၂၁)အိမ်၊ အိမ်ထောင်စု (၂၁)စု၊ လူဦး‌ရေ‌ (၉၈)ဦးနှင့် For All လူမှုကူညီရေးအသင်းရုံး တစ်ရုံးတို့ သက်ကယ်နှင့် သွပ်မိုးများ အမိုးလန် ခြင်းများဖြစ်ပွားခဲ့ပြီး အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုများ မရှိကြောင်း သိရသည်။

ရွှေမိုးညှင်း