မချမ်းဘော၌ နွေရာသီအားကစားသင်တန်း ဆက်လက်သင်ကြား

မချမ်းဘော ဧပြီ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီ အခြေခံအားကစားသင်တန်းကို ဆက်လက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစား သင်တန်းကို ဧပြီလ ၁၈ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းပြ(နည်းစနစ်) ဒေါ်ခင်လင်းစိန်က သင်တန်းနည်းပြ အဖြစ် ဆောင်ရွက်ကာ ဘောလုံးကစားနည်း၊ ပြေးခုန်ပစ် ကစားနည်း၊ Physical Fitness Dance အားကစားနည်းများကို နေ့စဥ် ညနေ ၃ နာရီမှ ညနေ ၅ နာရီအထိ မြို့နယ်အားကစားကွင်း၌ အခမဲ့ သင်ကြားပေးလျက်ရှိပြီး ၄င်းသင်တန်းကို ဧပြီလ ၁၈ ရက်မှ ဧပြီလ ၂၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကာ သင်တန်းသား(၈၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)