မချမ်းဘော့မြို့နယ်၌ ပူတာအိုဒေသလုံးဆိုင်ရာ ရွှေဆံပင်ယဥ်ကျေးလိမ္မာလူငယ် အထူးတရားစခန်း ဓမ္မသဘင် အကြိုအထူးတရားပွဲ ကျင်းပမည်

မချမ်းဘော ဧပြီ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် ရွှေဆံပင်ဆရာတော်နှင့် ပူတာအို သံဃာတော်များ ဦးစီးကျင်းပမည့် ပူတာအိုဒေသလုံးဆိုင်ရာ ရွှေဆံပင်ယဥ်ကျေးလိမ္မာ လူငယ်အထူး တရားစခန်းဓမ္မသဘင် အကြိုအထူးတရားပွဲကို ကောင်းမှုလုံစေတီတော်မြတ်ကြီးဘုရားဝန်းနှင့် ခန်ချိုဘုန်းတော်ကြီး ကျောင်းတို့တွင် ဧပြီလ ၂၇ ရက်နေ့မှ ဧပြီလ၂၈ နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ တရားပွဲတွင် ပြည်တွင်းပြည်ပသာသနာပြု နိုင်ငံတော် အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ မြန်မာပြည်အရပ်ရပ်ရှိ ဓမ္မရံသီ မိုးကုတ်ရိပ်သာ ကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနာနာယကချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုဥက္ကဌ ဓမ္မရံသီဆရာတော် ဘဒ္ဒန္တသုနန္ဒမှ  ဧပြီလ ၂၇ ရက်နေ့ညတွင် ခန်ကျိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ဧပြီလ ၂၈ ရက်နေ့ညတွင် ကောင်းမှုလုံ စေတီတော်မြတ်ကြီး ဘုရားဝန်းရှိ တေဇသာရဓမ္မာရုံတွင်လည်းကောင်း ညစဥ်ည ၆ နာရီမှစ၍ အထူးတရားပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)