ပူတာအိုခရိုင် (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်

ပူတာအို ဧပြီ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက် မြင့်မားလာစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိသတ်လူငယ်(၁၂)ဦးတို့က ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာ ဂျာနယ် အတွဲ(၂၀) အမှတ်(၅) စာမျက်နှာ(၂) အယ်ဒီတာ့အာဘော်မှ “နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့် အမျိုးသမီးတို့၏ စွမ်းဆောင်ရည်” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပြိုင်ပွဲဝင် လူငယ်များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)