မိုးညှင်း ဧပြီ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီမှ မြို့နယ်အတွင်းရှိ မော်တော်ယာဥ်လိုင်းတာဝန်ခံများအား အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူး အောင်ကိုကိုက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ခေါင်းစဥ်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မော်တော်ယာဥ်လိုင်းတာဝန်ခံများမှ သိရှိလိုသည်များအား အသီးသီးမေးမြန်းဆွေးနွေးကြကာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း