မချမ်းဘော ဧပြီ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ခု နှစ် ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
မချမ်းဘောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း ၂၅ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၄ ကျောင်း၊ အခြေခံ ပညာ အထက်တန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ ၁ ကျောင်း အခြေခံပညာ ကျောင်းစုစုပေါင်း ၃၄ ကျောင်း ဖွင့်လှစ်သင်ကြားခဲ့ပြီး မူလတန်း အဆင့် ဖြေဆိုအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ ကျား(၈၉၂)ဦး၊ မ(၈၈၁)ဦး စုစုပေါင်း (၁၇၇၃) ဦး၊ အလယ်တန်း အဆင့်ဖြေဆိုအောင်မြင်သူ ကျား(၃၁၅)ဦး၊ မ(၂၈၉)ဦး စုစုပေါင်း (၆၀၄)ဦး၊ အထက်တန်းအဆင့် ဖြေဆိုအောင်မြင်သူ ကျား (၆၅)ဦး၊ မ(၉၈)ဦး စုစုပေါင်း (၁၆၃)ဦးတို့ အောင်မြင်ခဲ့ပြီး ဖြေဆိုသူအားလုံး၏ ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)