ရွှေကူ ဧပြီ ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲတွင် (KG)တန်းမှ သင်ရိုးသစ် (GRADE-11) ထိ အတန်းလိုက်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၀၆၀) ဦး ရှိခဲ့ပြီး စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၉၆၉) ဦး အောင်မြင်ခဲ့ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ၉၉ ဒဿမ ၁၈ ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)