မိုးကောင်း ဧပြီ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့လယ်(၁၁)နာရီတွင် ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်သီတာမိုးက ဒေသန္တရစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာကုန် ထုတ်လမ်း/တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ မြေသားသဲကျောက် ကုန်ထုတ်လမ်းလုပ်ငန်းများ၊ အုတ်ခုံခံကွန်ကရစ် တံတားခင်းခြင်းလုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်းစီမံကိန်းများအား ကဏ္ဍအသီးသီးအလိုက် သက်ဆိုင်ရာဌာနတို့အား လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)