ပူတာအို ဧပြီ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုဖြင့် ရဝမ်တိုင်းရင်းသားဘိုးဘေးများမှ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းလာခဲ့သော အဆို၊ အက၊ အတီး၊ အမှုတ်များသည် ခေတ်အခြေအနေကိုလိုက်သော အဆို၊အက၊အတီး၊ အမှုတ်များ၏ လွှမ်းမိုးမှုကြောင့် သမိုင်းအမွေအနှစ်များ တိမ်ကောလုနီးပါးဖြစ်လာခြင်းကြောင့် သမိုင်းအမွေအနှစ်များအား လက်ဆင့်ကမ်းထိန်း သိမ်းနိုင်စေရန် ဖွင့်လှစ်ခဲ့သော ရဝမ်တိုင်းရင်းသားရိုး ရာယဉ်ကျေးမှုအမွေအနှစ် အဆို၊အက၊အတီး၊အမှုတ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲ က ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ယခုသင်တန်းတွင် သင်ကြားပေးသောဘာသာရပ် (၆)မျိုးသည် ရှေးရဝမ်ဘိုးဘေးအစဉ်အဆက်ထိန်းသိမ်းလာသော အနုပညာအမွေအနှစ်များဖြစ်သဖြင့် သင်တန်းသား/သူများအနေဖြင့် အနုပညာအမွေအနှစ် တိမ်ကောပပျောက်ခြင်း မရှိစေရန် လက်ဆင့် ကမ်းထိန်းသိမ်းကြရန်လိုအပ်ကြောင်းသင်တန်းဆင်းအမှာစကားပြောကြားပြီး အတီး၊ အမှုတ် ဘာသာရပ်သင်တန်းနည်းပြ ဦးဘေလားမင်က သင်တန်းတွင်ပို့ချခဲ့သောဘာသာရပ်များနှင့် ပတ်သက်၍အမှာစကားပြောကြားကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ဆက်လက်၍ သင်တန်းသား/သူများက သင်တန်းတွင်သင်ကြားပေးခဲ့သော အဆို၊ အက၊ အတီး၊ အမှုတ်ဘာသာ ရပ်များဖြင့် သရုပ်ပြဖျော် ဖြေတင်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဦးထုံဖူး ဒဂုဏ်၊မြို့ နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌနှင့်အဖွဲ့ဝင် ဦးခန်ထီးခွင်တန်တို့က သင်တန်းဆင်း လက်မှတ်များနှင့်သင် တန်းနည်းပြများအားဂါရဝပြုအမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြကိုးဦးတို့က ရဝမ်တိုင်းရင်းသားများ၏အမွေအနှစ် အဆို၊ အက၊ အတီး၊ အမှုတ်များမှ ဘာသာရပ်(၆) မျိုးကို ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ လူငယ်သင်တန်းသား/သူ စုစုပေါင်း(၇၀)ဦးတို့အား ဧပြီ(၂၄)ရက်နေ့မှ(၂၈)ရက်နေ့အထိငါးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)