ဆွမ်ပရာဘွမ်မြို့၌ Mask campaign လုပ်ငန်းဆောင်ရွက်

ဆွမ်ပရာဘွမ် ဧပြီ ၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈နာရီခွဲက မြို့နယ်စည်ပင်သာယာ ရေးဈေးရှေ့၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါMask Campaign လုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉‌ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေးကော်မတီဝင်များက ဦး‌ဆောင်၍ လမ်းသွားလမ်းလာမိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးအသိပညာပေးခြင်း၊ ဖြတ်သွားဖြတ်လာယာဥ်ကြီး၊ ယာဥ်ငယ်များအား Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်နှင့်မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြရန် အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန် ထမ်းများ၊ကျန်းမာ‌ရေးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း အဖွဲ့များကစဥ်ဆက်မပြတ်‌ဆောင်ရွက် သွားမည်ဖြစ်‌ကြောင်းတာဝန်ရှိသူများထံမှ သိရသည်။

ဧပရယ်မိုး (ပြန်/ ဆက်)