တန့်ယန်းမြို့နယ်တွင် စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ကျင်းပမည်

တန့်ယန်း ဇန်နဝါရီ  ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရွှင်ချမ်းလုံကုမ္ပဏီလီမိတက် Mother's Love လက်ဖက်ခြံ၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ အင်္ဂလိပ်စာဆရာကြီး ဦးမြကြိုင် M.A(English)(Thesis)  New Delhi က ''စာဖတ်ခြင်းအကျိုး'' ခေါင်းစဉ်ဖြင့် စာပေဟောပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါ စာပေဟောပြောပွဲကို ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီတွင် တန့်ယန်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပဟောပြောမည်ဖြစ်ရာ စာပေကို ချစ်မြတ်နိုးကြသည့် စာဖတ် ဝါသနာပါသူ မည်သူမဆို တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)