တနိုင်း မေ ၁
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုမရှိစေရန်အတွက် အများပြည်သူများ အိမ်ပြင်ပသို့ထွက်ခွာသွားလာလျှင် နှာခေါင်းစည်း mask တပ်သွားလာသည့် အလေ့ကျင့်များ လိုက်နာကျင့်သုံးစေရန် mask campaing အရှိန်အဟုန်ဖြင့် အသိပညာပေးခြင်းကို ဧပြီလ (၂၉)ရက်နေ့ နံနက်(၈)နာရီက တနိုင်းမြို့နယ်၊ ပုန်ခုန်းရပ်ကွက်၊ လူစည်ကားရာ လမ်းဆုံဖြစ်သည့် ရွှေပင်လယ်စားသောက်ဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ခြင်းကို ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ ဦးဆောင်၍ ခရိုင်စီမံအုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းတို့ကပူးပေါင်း၍ ဒေသအတွင်း သွားလာကြသည့် ခရီးသွားပြည်သူများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များကို လိုက်နာကျင့်သုံးကြရန်နှင့် ပါးစပ်နှာခေါင်းစည်း mask ကို လူထူထပ်သည့် နေရာများသို့သွားလာပါက စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး ဌာနဆိုင်ရာ စုပေါင်းအင်အား(၇၀) ဦးခန့်က နှာခေါင်းစည်း mask ခုရေ (၁၀၀၀) အား အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပိုင်ထွန်း(တနိုင်း)