နောင်မွန် အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နှင့် မိုင်(၂၀)ကျော်အကွာ ပူတာအို-မချမ်းဘော့-နောင်မွန် ကားလမ်းဘေးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက မြေကမ်းပါးပြိုကျပြီး သစ်ပင်များလဲကျခဲ့သည်။
အဆိုပါမြေကမ်းပါးပြိုကျပြီး သစ်ပင်များလဲပြိုရာနေရာများကို လမ်းဦးစီးဌာနမှ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် မြေစာများရှင်းလင်းခြင်းနှင့် သစ်ပင်များရှင်းလင်းခြင်းများကို ချက်ချင်းဆောင်ရွက်ခဲ့ကြောင်း လမ်းဦးစီးဌာနအဖွဲ့မှ သိရသည်။
မြေကမ်းပါးပြိုကျမှုနှင့်ပတ်သက်၍ လူထိခိုက်မှုမရှိဘဲ မိုးတွင်းကာလ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အဆိုပါလမ်းကြောတစ်လျှောက် နှစ်စဉ်ကမ်းပြိုမှုများဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
မြနန်း(ပြန်/ဆက်)