မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ လက်ကမ်းစာစောင်နှင့်ပိုစတာများ ဖြန့်ဝေ

 

မိုင်းရယ်   အောက်တိုဘာ   ၅

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုင်းရယ်မြို့ရှိ စျေးများ၊ မြို့လယ်ဘုရားအဝိုင်း၊ မြို့ပေါ်ရပ်ကွက်များတွင် လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက် (၇)နာရီက ဖြန့်ဝေပေးခဲ့‌‌သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ  ပါ/မပါ စစ်ဆေးပြီးပြီလား၊ ဘေးကင်းလုံခြုံစွာနေပါ၊ သင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွား ရောက် ဆန္ဒမဲပေးပါ စသည့်အချက်များပါဝင်ပြီး အွန်လိုင်းမှ မိမိမဲစာရင်းစစ်ဆေးနိုင်သည့် Website လိပ်စာနှင့် QR Code များပါဝင်ပြီး ပိုစတာများတွင် မဲဆန္ဒရှင်စာရင်းဆိုင်ရာ အမေး အဖြေများ၊ ဘေးကင်းလုံခြုံစွာမဲပေးနိုင်ရန်အတွက် လိုက်နာရမည့်အချက်များပါဝင်ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်