မိုင်းနောင် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့ ၊ ဝမ်စိမ်းကျေးရွာအုပ်စုရှိ ဘဝသစ်အားမာန် မျက်မမြင်ကျောင်းသို့ တစ်ပိုင်တစ်နိုင် ရိက္ခာဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များ သွားရောက် လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က သွားရောက်လှူဒါန်းပေးခဲ့သည်။
မိုင်းနောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စုစာရေးများ၊ စည်ပင် သာယာရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စားဝတ်နေ ရေး အခက်အခဲများကြုံတွေ့နေရသော ဘဝသစ်အားမာန်မျက်မမြင်ကျောင်း၏ တစ်ပိုင်တစ်နိုင် ရိက္ခာဖူလုံရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဖြစ်ကြောင်း ဝမ်စိမ်းကျေးရွာအုပ်စု တာဝန်ကျစာရေး မနှင်းနှင်းနွယ်ထံမှ သိသည်။
အဆိုပါ ဘဝသစ်အားမာန်မျက်မမြင်ကျောင်းတွင်မျက်မမြင် တိုင်းရင်းသား (၂၂ ဦးရှိပြီး ၄င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးနေသောဝန်ထမ်း(၈)ဦးရှိကြောင်း သိရှိရသည်။
မိုင်းနောင် ပြန်/ဆက်