တွန်းဇံ အောက်တိုဘာ ၅
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန တွန်းဇံမြို့၊ ကျေးလက် ကျန်းမာရေးဌာနမှ ယနေ့ နံနက်(၉)နာရီအချိန်က (၅)နှစ်အောက် ကလေးများအား ပုံပှန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကလေးငယ်များကို ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ(ဘီ) - ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့် ရောဂါကာကွယ် ဆေးများကို ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများအား ခေါဝုန်/လေးဆန်ရပ်ကွက်နှင့် ခေါဝုန်/ဂိုးဇန်ရပ်ကွက်အတွင်းရှိ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)