ဟိုပင်၌ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

 ဟိုပင်        အောက်တိုဘာ      ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် ၈၀ နှစ် နှင့် ၈၅ နှစ်အောက် သက်ကြီးဘိုးဘွားများအတွက် ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုတို့မှ သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် နန့်ရင်းကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား ၂၇ ဦးထံ  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်၊ ရပ်ကျေး စာရေးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုးတိုးမေ(ဟိုပင်)