ဟိုပင် မေ ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ ဘုရား၊ စေတီ ဘုန်းတော်ကြီးကျောင်းများ၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ မေလ(၃)ရက်၊ နံနက်ပိုင်းမှစ၍ တရားနာယူခြင်း၊ ဘုရားလာရောက်ဖူးမျှော်သူများ၊ ဆီမီး၊ ရေချမ်းကပ် လှူပူဇော်သူများ၊ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းခြင်းများဖြင့် အထူးစည်းကားလျက်ရှိပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့်ဗုဒ္ဓနေ့ ဖြစ်သည့်အတွက် မြို့ပေါ်ရှိ ဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများတွင် တရားနာယူခြင်း၊သီလဆောက်တည်ခြင်း၊ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းခြင်းများဖြင့် အေးချမ်းသာယာစွာ အထူးစည်ကားလျက်ရှိခဲ့ကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး (ပြန်/ဆက်)