ကျောက်ဆည် ဖေဖော်ဝါရီ ၂၇
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့ခံစာရေးဆရာကြီးများနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ စာပေချစ်မြတ်နိုသူများအဖွဲ့(Book Club)တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၉)နာရီခွဲတွင် စာရေးဆရာဖေမြင့်ရေးသားထားသည့် “ဘဝတစ်သက်တာရသစာများ” စာအုပ်ပါ အကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာများအသင်း အတွင်းရေးမှူးကိုဒိုးလေး(ကျောက်ဆည်)၊ မြို့နယ်စာရေးဆရာအသင်းနာက ဦးကျော်ဝင်းနိုင်၊ မွန်းဇူး (ကျောက်ဆည်)နှင့် မြို့နယ် စာရေးဆရာအသင်းဥက္ကဌ၊ ဦးကျော်သန်း၊ မောင်ခိုင်ကျော်(ကျောက်ဆည်)က အဆိုပါ စာအုပ်တွင် ပရှိသောဖြတ်သန်းရဲတဲ့ ပေါင်းကူးတံတားခေါင်းစဉ်ပါ အကြောင်းများကို လည်းကောင်း၊ မရင့်ကျက်သူများနှင့် မာနမရှိသူများအကြောင်း၊ ဝတ္ထုဆန်ဆန် အတွေးအခေါ် ရသပိုင်းများမှ၊ အတုယူဖွယ်၊ ဆင်ခြင်ဖွယ်အကြောင်းအရာများ ကိုလည်းကောင်း၊ အသီးသီးဦးဆောင်ဆွေးနွေးပြောကြားခဲ့ရာ(Book Club)အဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)