ကာမိုင်းမြို့‌၌ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကာမိုင်း ဧပြီ ၄

မြန်မာနှစ်သစ် ဒုတိယလ ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံတစ်ဝှမ်း၌ ယမန်နေ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။

ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဘဂဝါအားရည်မှန်း၍ ပရိဘောဂစေတီ မည်ထိုက်သော ဗောဓိပင်ကို ညောင်ရေသွန်းလောင်းပူဇော်ခြင်း ဖြစ်သည်။

ယင်းပူဇော်ခြင်းကို ကာမိုင်းမြို့ပြည်သူပေါင်းတို့ကလည်း ကောင်းမြတ်ချမ်းသာ ဆုတောင်းပြည့် ဘုရားဝန်းရှိ မဟာဗောဓိညောင်ပင်၌ ယမန်နေ့ညနေပိုင်းအချိန်က အေးချမ်းပျော်ရွှင်စွာ စုပေါင်း ရေသွန်းလောင်းပူဇော်ကြသည်။

ထိုသို့ ပူဇော်ခဲ့ကြသည်မှာလည်း ရှေးအစဉ်အလာမပျက်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ပွင့်ရာဗောဓိပင်အား ရည်မှန်းခြင်းနှင့် ရေပြတ်ချိန်မှာ မညှိုးနွမ်းစေလိုခြင်းဟူသော အကြောင်း နှစ်မျိုးဖြင့် ပူဇော်ကျင်းပကြခြင်းဖြစ်‌ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)