မှော်စီစာကျေးရွာ သီရိရတနာစိမ်း ဓမ္မရိပ်သာကျောင်းတိုက်၌ လိုတရရွှေသာလျောင်းဘုရားကြီး၊ ကျောက်စိမ်းဘုရား ဌာပနာသွင်းလှူပူဇော်ပွဲ၊ ဆွမ်းဆန်လောင်းလှူပူဇော်ပွဲနှင့် ပညာသာမိဗိမာန်တော် ရေစက်ချ အလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဖားကန့် မေ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ သီရိရတနာစိမ်း ဓမ္မရိပ်သာကျောင်းတိုက်၌ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ဦးစီးပြီး တည်ထားတော်မူသည့် လိုတရရွှေသာလျောင်း ဘုရားကြီး၊ ကိုးပေအမြင့်ရှိ ကျောက်စိမ်းတုံး၊ အဘယလာဘမုနိရုပ်ရှင် တော်မြတ်ကြီးအစရှိသည့် ကျောက်စိမ်းဘုရားဌာပနာသွင်း လှူပူဇော်ပွဲ၊ ဆွမ်းဆန်လောင်းလှူပူဇော်ပွဲနှင့် ပညာသာမိဗိမာန်တော် ရေစက်ချ အလှူပူဇော်ပွဲကို မေ(၁)ရက်မှ (၃)ရက်ထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ ဌာပနာသွင်းလှူပူဇော်ပွဲနှင့် ရေစက်ချအလှူပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ သာသနဓဇ ဓမ္မာစရိယ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တဥတ္တရ မဟာဓမ္မိကာရာမတိုက်၊ မကွေးမြို့နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ (သ.စ.အဓမ္မာစရိယ)၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသ မစိုးရိမ်တိုက်သစ်၊ မန္တလေး မြို့ ဒုတိယမဟာနာယကဆရာတော် ကြွရောက်တော်မူကြပြီး သံဃာတော်(၁၀၀၀)ကျော်တို့ကို ပင့်ဖိတ်ကာ ဘုရားဟောပါဠိတော်တို့ကို ရွတ်ဖတ်ပူဇော်ပွဲ၊ ညနေဆည်းဆာတရားပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲ၊ ပညာသာမိဗိမာန်တော်ကြီးတို့ကို ရေစက်ချအလှူပူဇော်ပွဲကြီးများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)