မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ခရိုင်မီးသတ်တပ်ဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မိုးညှင်း မေ ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် ယနေ့နံနက်(၁၀)နာရီခွဲက ထီးလင်းသာသနာ့ဗိမာန်ကျောင်း၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းရာတွင် ထီးလင်းသာသနာ့ဗိမာန်ကျောင်းတိုက်ရှိ ဆွမ်းစားကျောင်းဆောင်တွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်စိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက ဆရာတော်ြကီးအပါအဝင် သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ဘုရားစေတီပုထိုးများတွင် ရေသပ္ပါယ်ခြင်းများ၊ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မေလ (၅)ရက်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် အထပ်မြင့် မီးငြိမ်းသတ်ရေးဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူသရုပ်ပြသခြင်းနှင့် ခေတ်မီရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း