ဗန်းမော်မြို့ သမိုင်းဝင်ရွှေကျီးနားမဟာစေတီတော်မြတ်ဝင်းအတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပြုလုပ်

ဗန်းမော် မေ ၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သမိုင်းဝင်ရွှေကျီးနားမဟာစေတီတော်မြတ် ဘုရားဝင်းအတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ယမန်နေ့နံနက် ၅ နာရီတွင် ဗောဓိညောင်ပင်၌ ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း၊ သံဃာတော်များနှင့် သီလရှင်များအား အာရုဏ်ဆွမ်းကပ်လှူခြင်းပြုလုပ်ခဲ့ခြင်း နံနက် ၉ နာရီတွင် ဗောဓိညောင်ပင်အား အနေကဇာတင်ခြင်း၊ နံနက် ၁၀ နာရီခွဲတွင် ပင့်သံဃာအပါး (၁၀၀)ကျော်နှင့် သီလရှင် (၃၀)ပါးတို့အား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။

ယင်းနောက် ညနေ ၅ နာရီတွင် သာသနဟိကသာရီဓမ္မာရုံ၌ တံခွန်တိုင်ကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တ ဣန္ဒာသဖက နိဗ္ဗာန်ရောက်ကြောင်း တရားဟောကြားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်