မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မိုးညှင်း မေ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေး အပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်တင်ပပဝင်းက မိုးညှင်းမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စဉ် ဧပြီလမှ မတ်လအထိ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စဉ် ဒေသန္တရစီမံကိန်းရည်မှန်းချက်စာအုပ်များကို မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာန အကြီးအကဲများနှင့် လယ်ယာကဏ္ဍအတွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား အသီးသီး တာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း