ရွှေကူမြို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင် အခန်းရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေကူ မေ ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ၂၀၂၃-၂၀၂၄ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ၏ လျာထားချက်များအတိုင်း ရာနှုန်းပြည့်အောင်မြင်စေရန် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် အောက်ခြေအထိဆင်း၍ ထိရောက်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ပြီးနောက် လမ်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့တို့အား လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဂျန်မာဒွဲလိန် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်း များ၏ ရည်မှန်းချက်များအား ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဆွေးနွေး ပြောကြားခဲ့ကြောင်းနှင့် ရွှေကူမြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအရ ကချင်ပြည်နယ် အစိုးရ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းရင်းနှီးမြုပ်နှံမှုအတွက်  ငွေကျပ် ၆  ဒဿမ ၈၄၅ မီလီယံ ရည်မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)